ပြည်သူ့ဆေးရုံများရှိ အခပေးလူနာခန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

ပြည်သူ့ဆေးရုံများရှိ အခပေးလူနာခန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၆) ရက်

ပြည်သူ့ဆေးရုံများရှိ အခပေးလူနာခန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံ၊ ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းနှင့် ခွဲဝေသုံးစွဲလိုသည့် ရာခိုင်နှုန်းအချိုးအစားနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နေ့လယ် (၁း၀၀)နာရီအချိန်မှ နေ့လယ် (၂း၃၀)နာရီအထိ ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က သဘာပတိ အဖြစ်ဆောင်ရွက်ပြီး ကုသရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အခြားတာဝန်ရှိသူများနှင့် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီးတို့မှ ဆေးရုံအုပ်ကြီးများ တက်ရောက်ကြပါသည်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Bitnami