Home HospitalAnnouncemt_From_Hospitalsပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍လူနာများအား အခမဲ့ခွဲစိတ်ကုသ
ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍လူနာများအား အခမဲ့ခွဲစိတ်ကုသ

ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍လူနာများအား အခမဲ့ခွဲစိတ်ကုသ

ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊မီးလောင်ဒဏ်ရာ၊ လည်ပင်းကြီး၊ အဖုအကျိတ် လူနာများအား အခမဲ့ခွဲစိတ်ကုသပေးမှုများကို (၁၀-၂-၂၀၁၉) ရက်နေ့မှ (၁၅-၂-၂၀၁၉)ရက်နေ့အထိဆောင်ရွက်ပေးခဲ့ရာ ပဲခူးမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများမှ လူနာ (၁၆၂)ဦး လာရောက်ပြသခဲ့ကြပြီးလူနာ (၇၉)ဦးအား အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ စည်ပင်/သစ်တော ဝန်ကြီးဒေါက်တာစောညိုဝင်း၊ အတွင်းရေးမှုး ဦးတိုးဝင်းတို့မှ လူနာများအား လာရောက်ကြည့်ရှုအားပေးခြင်း၊ ခွဲစိတ်ကုသမည့်အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့တို့အားတွေ့ဆုံနှုတ်ဆက်ခြင်း၊ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအား တွေ့ဆုံအားပေးခြင်း ၊ လူနာများအတွက်အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါအထူးကုအဖွဲ့သည် (၁၃-၂-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် Technical Meeting ပြုလုပ်ဆွေးနွေးခြင်း၊ (၁၄-၂-၂၀၁၉)ရက်နေ့တွင် CME (Special Talk)ကျင်းပပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယခု အခမဲ့ခွဲစိတ်ကုသမှုသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွန်မှုနှင့်အညီ ပဲခူးပြည်သူ့ဆေးရုံကြီးအနေဖြင့် Public Private Patnership Approach အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှု၊ မြန်မာနိုင်ငံ စားဖိုမှူးများအသင်း၊ ပဲခူးမြို့မှ မြို့မိမြို့ဖများ၊ စေတနာရှင်/အလှူရှင်များ၏ကူညီပံ့ပိုးမှု၊ ပဲခူးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများ၏ ပူးပေါင်းကူညီမှုတို့ကြောင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ကူညီဆောင်ရွက်ပေးသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Bitnami