Home newsပုဂံတွင် Advocacy and Workshop on Patient Safety အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ပုဂံတွင် Advocacy and Workshop on Patient Safety အခမ်းအနား ကျင်းပပြုလုပ်ခြင်း

ပုဂံတွင် Advocacy and Workshop on Patient Safety အခမ်းအနား ကျင်းပပြုလုပ်ခြင်း

ပုဂံတွင် Advocacy and Workshop on Patient Safety အခမ်းအနား ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ ဩဂုတ်လ (၉) ရက်

 

ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံများ ဆေးကုသမှု အရည်အသွေးမြှင့်တင်ရေး စီမံချက်မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထောက်အပံ့ဖြင့် Advocacy and Workshop on Patient Safety (ပုဂံ) ကို ညောင်ဦးမြို့၊ Bagan Umbra Hotel ၌ ၂၀၁၉-ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့ တို့တွင် ကျင်းပပြုလုပ်လျက်ရှိရာ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉-ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့၊ နံနက် (၈:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ဆေးပညာ) ပါမောက္ခဒေါက်တာဇော်လင်းအောင်နှင့် ပါမောက္ခ (အရေးပေါ်ကုသမှုဆေးပညာ) ပါမောက္ခဒေါက်တာမော်မော်ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ကျွမ်းကျင်သူ/ ဆေးရုံအုပ်ကြီး(ငြိမ်း) ဒေါက်တာပပ နှင့် ပါမောက္ခ(ခွဲစိတ်) ပါမောက္ခဒေါက်တာနော်မာသေး၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဘာသာရပ် အလိုက် အထူးကုဆရာဝန် တက်ရောက်ခဲ့ကြပြီး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ဆေးပညာ) ပါမောက္ခဒေါက်တာဇော်လင်းအောင် က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပြည်သူ့ဆေးရုံများ၏ ဆေးကုသမှု အရည်အသွေးမြင့်မားလာခြင်း နှင့်အတူ ကျန်းမာရေး စောင့်ရှောက်မှုခံယူရာတွင် လူနာ ဘေးကင်းလုံခြုံမှုရှိစေရန်၊ လူနာများနှင့် ကျန်းမာရေး ဝန်ထမ်း များ အပြန်အလှန် ရောဂါကူးစက်တတ်ခြင်းမှ ကာကွယ်ရန်၊ သွေးသွင်းခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ခွဲစိတ်ကုသခြင်း စသည် တို့၏ နောက်ဆက်တွဲ ပြဿနာများ အန္တရာယ်မှ စုပေါင်း ကာကွယ်နိုင်ကြရန်အတွက် အဆိုပါပြဿနာများ၏ အရေးကြီးပုံ ကို နားလည်သိရှိပြီး ကာကွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို စုပေါင်းရှာဖွေကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များ အတွက် အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက်များနှင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့ဆေးရုံကြီးများမှ ဘာသာရပ်အလိုက် အထူးကုဆရာဝန်များ တက်ရောက်ကြပြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်က Current Activities and Way Forward on Patient Safety ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ဆေးပညာ) ပါမောက္ခဒေါက်တ ဇော်လင်းအောင် က Overview on Patient Safety ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခ(ခွဲစိတ်) ပါမောက္ခဒေါက်တာနော်မာသေးက Safe Surgical Care ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမျိုးသားသွေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းအောင်ထွန်းက Hazards of Transfusion ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန အထူးကုဆရာဝန်ကြီး(အဏုဇီဝ) ဒေါက်တာယဉ်ယဉ်ထွေးက Antimicrobial Resistance (AMR) Updates ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန်(ကုသရေး) ဒေါက်တာအေးမြတ်မွန်က Infection Prevention and Control in Hospitals ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသက်မွန်သန်းက Adverse Drug Reaction (ADR) reporting system in Myanmar ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ကျွမ်းကျင်သူ/ ဆေးရုံအုပ်ကြီး(ငြိမ်း) ဒေါက်တာ ပပ က Being an effective team player and showing leadership ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ(အရေးပေါ်ကုသမှုဆေးပညာ) ပါမောက္ခဒေါက်တာ မော်မော်ဦးက Hospital Safety and Health Care Professional Safety ခေါင်းစဉ်ဖြင့် လည်းကောင်း တင်ပြဆွေးနွေးကြပြီး Patient Safety Problems နှင့် Solutions များကို အဖွဲ့လိုက် ဆွေးနွေးမှုများပြုလုပ်ကြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Bitnami