Home newsကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ချိတ်ဆက်ညွှန်းပို့ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ခြင်း
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ချိတ်ဆက်ညွှန်းပို့ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ခြင်း

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ချိတ်ဆက်ညွှန်းပို့ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ခြင်း

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် စိတ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ချိတ်ဆက်ညွှန်းပို့ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
ဆောင်ရွက်ခြင်း

နေပြည်တော်၊ သြဂုတ်လ (၂၂)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့် စိတ်ကျန်းမာရေးဆရာဝန်များ၊ ဆေးလူမှု ဆက်ဆံရေးဝန်ထမ်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ အတူတကွပူးပေါင်းပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် စိတ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အတူတကွပူးပေါင်းဆောင်ရွက်ရာတွင် စနစ်ကျထိရောက်သည့် ညွှန်းပို့ချိတ်ဆက်ခြင်း လုပ်ငန်းစဉ်တစ်ခု ချမှတ်အကောင်အထည်ဖော် နိုင်ရန်အတွက် မြတ်နန်းယုံဟိုတယ်၊ နေပြည်တော်တွင် (၁၄-၈-၂၀၁၉)ရက်နေ့မှ(၁၆-၈-၂၀၁၉)ရက်နေ့အထိ အလုပ်ရုံဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို(၁၄-၈-၂၀၁၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒေါက်တာသာထွန်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အဖွင့်အမှာစကား ပြောကြား ဖွင့်လှစ်ပေးခဲ့ပါသည်။

      

အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ တိုင်း ဒေသကြီး/ ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ ဆေးရုံအုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် Unicef (Myanmar)မှ တာဝန်ရှိသူများ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအား (၃) ရက်ပြုလုပ်ခဲ့ရာ ပထမနေ့တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ်များနှင့် ပတ်သက်၍ အုပ်စုများဖွဲ့၍ တင်ပြဆွေးနွေးခဲ့ကြပါသည်။ အုပ်စုဖွဲ့ဆွေးနွေးရာတွင် ဆေးရုံအုပ်ကြီးများ၊ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးများ၊ တိုင်း ဒေသကြီး/ ပြည်နယ်များမှ ကုသရေးဦးစီးဌာနမှူး(ကိုယ်စားလှယ်)များ၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး(ကိုယ်စားလှယ်)များ၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းများပါသော အဖွဲ့(၆) ဖွဲ့ခွဲ၍ ကလေးသူငယ်ဖြစ်ရပ်များနှင့်ပတ်သက်၍ တွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်များ၊ ကြုံတွေ့ရသည့်အခက်အခဲများ၊ ပူးပေါင်းဖြေရှင်းနိုင်မည့်နည်းလမ်းများကို အဖွဲ့လိုက်ဆွေးနွေးကြပြီး အုပ်စုများမှ ဆွေးနွေးချက်များကိုတင်ပြခြင်း၊ အခြားအဖွဲ့များမှ လိုအပ်ချက်များကို အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ဒုတိယနေ့၏ ပထမပိုင်းအစီအစဉ်တွင် ပထမနေ့၏ ဆွေးနွေးချက်များကို အနှစ်ချုပ်တင်ပြ ခြင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ်များနှင့်ပတ်သက်၍ ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များချမှတ်ခြင်းတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ဒုတိယပိုင်းအစီအစဉ်တွင် စိတ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ကြုံတွေ့ရသည့်အခက်အခဲများ၊ ပူး ပေါင်းဖြေရှင်းနိုင်မည့်နည်းလမ်းများကို အဖွဲ့လိုက်ဆွေးနွေးကြပြီး အုပ်စုများမှဆွေးနွေးချက်များကို တင်ပြခြင်း၊ အခြားအဖွဲ့များမှလိုအပ်ချက်များကို အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

      
တတိယနေ့တွင် စိတ်ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပတ်သက်၍ အဖွဲ့လိုက်တင်ပြချက် များအပေါ် အပြန်အလှန်ဆွေးနွေးအကြံပြုခြင်း၊ ဆွေးနွေးချက်များကို အနှစ်ချုပ်တင်ပြခြင်း၊ စိတ် ကျန်းမာရေးစောင့်ရှောက်မှုဖြစ်ရပ်များနှင့်ပတ်သက်၍ ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်မည့် လုပ်ငန်း စဉ်များချမှတ်ခြင်းတို့ကိုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံ အုပ်ကြီး၊ ဒေါက်တာစုစုဒွေး၊ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး၊ ပါမောက္ခဒေါက်တာတင်ဦး၊ ဒေါ်နန်းခင်မာလေး၊ ဒုတိယညွှန်ကြားရေးမှူး(ဆေးလူမှု)၊ ဦးအေးကျော်၊ လက်ထောက်ညွှန်ကြားရေးမှူး(လူမှုဝန်ထမ်း)နှင့် Unicef (Myanmar)မှ ဒေါက်တာချစ်ကိုကို(Child Protection Specialist) တို့မှ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ အနှစ်ချုပ်ဆွေးနွေးအကြံပြုချက်များပြောကြား၍ (၁၆-၈-၂၀၁၉)ရက်နေ့ နေ့လယ် (၂:၃၀) နာရီတွင် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

  

Leave a Reply

Your email address will not be published. Required fields are marked *

Bitnami