
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် World Bank တို့ ပူးပေါင်းဆောင်ရွက်၍ ဗဟိုအဆင့်ဆေးရုံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဆေးရုံများ၏ ဆေးရုံစွမ်းဆောင်ရည် အညွှန်းကိန်းများ ပြန်လည်ဆန်းစစ်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ Royal Naypyitaw Hotel ၌ (၉-၉-၂၀၁၉) ရက်နှင့် (၁၀-၉-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော ဗဟိုအဆင့်ဆေးရုံအုပ် ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဒုတိယပြည်နယ်/တိုင်းဒေသကြီးကုသရေး ဦးစီးဌာနမှူးများမှ ၊ ဆေးရုံအုပ်ကြီးများနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဒေါက်တာသာထွန်းကျော်က အဖွင့်အမှာစကားပြောကြား၍ ဆေးရုံလုပ်ငန်း စွမ်းဆောင်ရည်အညွှန်းကိန်းများကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းသည် များစွာအရေးကြီး ပါကြောင်း၊ ဆေးရုံလုပ်ငန်းစွမ်းဆောင်ရည်အညွှန်းကိန်းများကို စိစစ်ဖော်ထုတ်ခြင်းသည် ပိုမို ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ အညွှန်းကိန်းများဟာ Data (ကိန်းဂဏန်း)များမှ Statistics (အချက်အလက်များကို ကောက်ယူခြင်း၊ စုစည်းခြင်း၊ ဖော်ပြခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း) ပြုလုပ်၍ Information (သတင်းအချက်အလက်) အဖြစ် ဖော်ပြအသုံးပြုခြင်းစသည်ဖြင့် တွက်ချက်မှုအဆင့်ဆင့် ဆောင်ရွက်ရပြီး ရရှိလာသည့် ကိန်းဂဏန်းများဖြစ်ပါကြောင်း၊ ထို့အပြင် ၎င်းကိန်းဂဏန်းများ သည် စီမံချက်လုပ်ငန်းများရေးဆွဲရာမှာ အဓိကအားထားရတဲ့ အချက်အလက်များ ဖြစ်သည့် အပြင် ပြည်သူလူထုအတွင်းဖြစ်ပွားနေသော ရောဂါများ၏သတင်း အချက်အလက် အခြေအနေ များကိုလည်း သိရှိနိုင်ပါကြောင်း၊ ရရှိလာတဲ့သတင်းအချက် အလက်အညွှန်းကိန်းများသည် လုပ်ငန်းခွင်ဆိုင်ရာနှင့် မူဝါဒပိုင်းဆိုင်ရာများတွင် ဆုံးဖြတ်ချက်ပေးရာတွင် အထောက် အကူဖြစ်စေပါကြောင်းနှင့် ဆေးရုံများ၏စွမ်းဆောင်ရည် (သို့) ဝန်ဆောင်မှုတွေ ဆောင်ရွက် ပေးနေသည်ကို ဖော်ညွှန်းနေခြင်းဖြစ်သည့်အတွက် လွန်စွာအရေးကြီးလှပါကြောင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ အသစ်တိုးချဲ့ဖွင့်လှစ်ခြင်း၊ ခုတင်အဆင့်မြှင့်တင်ခြင်းတို့အတွက် ယခု လက်ရှိအချိန်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏(၂၀၁၉)မူနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၁၉) ကိုလိုက်နာဆောင်ရွက်လျှက်ရှိပါကြောင်း၊ နောင်ဆောင်ရွက်ရမည့် ဆေးရုံနှင့်ကျန်းမာရေးဌာနများ ခုတင်အဆင့်မြှင့်တင်ခြင်း၊ အသစ်တိုးချဲ့ ဖွင့်လှစ်ခြင်းနှင့် ဖွဲ့စည်းပုံတိုးချဲ့ခြင်းတို့အတွက် အရေးပါလှသဖြင့် အားလုံးပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြား ရေးမှူး(စီမံကိန်း)က Evaluation of Hospital Performance Indicators of Central, State/Region and Township Hospitals အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်း၊ စီမံကိန်းဌာနခွဲမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်ဝတ္တရားများ ၊ ဖွဲ့စည်းပုံ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ အခြေခံလိုအပ်ချက်များ နှင့် e-Government လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဦးထိန်လင်း၊ ဒုတိယညွှန်ကြားရေးမှူး(စီမံကိန်း)မှ ဝန်ကြီးဌာန၏ mohs e-mail အသုံးပြုခြင်းနှင့် mohs e-mail နှင့်ဆက်သွယ်ဆောင်ရွက် ရန်လည်းကောင်း၊ ဒေါက်တာနေဝင်းအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး(ဝန်ထမ်းရေးရာ)မှ ကုသရေးဦးစီးဌာန၏ Department of Medical Services Website (doms.gov.mm) ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းပြောကြားပါသည်။ တက်ရောက်လာသော ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ဒုတိယပြည်နယ်/တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးများမှ ဆေးရုံစွမ်းဆောင်ရည်အညွှန်းကိန်းများ (၂၀၁၄-၂၀၁၈)၊ ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်
အားသာချက်၊ အားနည်းချက်များကို တင်ပြဆွေးနွေးကြပါသည်။
ဆွေးနွေးတင်ပြချက်များကို ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြားရေးမှူး(စီမံကိန်း)နှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ယခုအလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော ကောက်နှုတ်ချက်များနှင့် ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်များကို ပြောကြားခဲ့ပါသည်။