Home newsWorkshop on Development of Standard Operating Procedure (SOP) and Guideline for Nursing Care အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
Workshop on Development of Standard Operating Procedure (SOP) and Guideline for Nursing Care အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Workshop on Development of Standard Operating Procedure (SOP) and Guideline for Nursing Care အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ စက်တင်ဘာလ (၂၃)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန မှ World Bank Group ချေးငွေဖြင့် Workshop on Development of Standard Operating Procedure (SOP) and Guideline for Nursing Care အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ (၁၉-၉-၂၀၁၉) ရက်နေ့မှ (၂၁-၉-၂၀၁၉) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစိုးဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊ World Bank Group မှတာဝန်ရှိသူများနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီမှဉက္ကဌနှင့်ကိုယ်စားလှယ်များ၊မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းမှဉက္ကဌ နှင့်ကိုယ်စားလှယ်များ၊အငြိမ်းစားသူနာပြုပညာရှင်များ၊ ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး(သူနာပြု)များ၊ ဒုတိယညွှန်ကြားရေးမှူး(သူနာပြု)များ၊ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)များ၊ဦးစီးအရာရှိ(သူနာပြု)များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)များ၊သူနာပြုတက္ကသိုလ်(ရန်ကုန်/မန္တလေး)မှ ပါမောက္ခ/ ဌာနမှူး များ၊သူနာပြုသင်တန်းကျောင်းများမှကျောင်းအုပ်ကြီးများနှင့်ကျောင်းအုပ်များ၊တိုင်းဒေသကြီး/ ပြည်နယ် များမှလက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)များ၊ဦးစီးအရာရှိ(သူနာပြု)များ၊ ဗဟိုအဆင့်ဆေးရုံကြီးများ နှင့်တိုင်းဒေသကြီး/ပြည်နယ်များမှသူနာပြုအုပ်ကြီးများ၊သူနာပြုအုပ်များ တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် သူနာပြုစုစောင့်ရှောက်မှုများပိုမိုစနစ်တကျ တပြေးညီပေးနိုင်ရန် အတွက် အထောက်အကူဖြစ်စေမည့် Standard Operating Procedures (SOPs) and Guidelines for Nursing Care ကို ခေတ်နှင့်အညီ ပြုစုရေးဆွဲနိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ သို့ စုစုပေါင်း သူနာပြု (၁၃၀) ဦး တက်ရောက်ကြပြီး (၃) ရက်ကျင်းပခဲ့ပါသည်။ တက်ရောက်လာသော သူနာပြုများမှ မိမိတို့အတွေ့အကြုံ၊ပညာဗဟုသုတ၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေရမှုနှင့် သူနာပြု တက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်းများမှ သင်ရိုးညွှန်းတမ်းအတိုင်း စနစ်တကျ သင်ကြားပေးလိုက် သည်များကို အခြေခံ၍ Nursing Care Procedures, Shift Duty , Nursing Rotation ,Hand Over , Patient safety in clinical setting ,Emergency OPD များနှင့် သက်ဆိုင်သည့် Standard Operating Procedures (SOPs) and Guidelines များကိုဆွေးနွေးတင်ပြခဲ့ကြပါသည်။

                   

Leave a Reply

Your email address will not be published. Required fields are marked *

Bitnami