Home newsEvaluation Workshop on Performance of Medical Social Workers အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် ကျင်းပ
Evaluation Workshop on Performance of Medical Social Workers   အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် ကျင်းပ

Evaluation Workshop on Performance of Medical Social Workers အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် ကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ကမ္ဘာ့ဘဏ်အဖွဲ့နှင့် ပူးပေါင်း၍ Evaluation Workshop on Performance of Medical Social Workers အလုပ်ရုံ ဆွေးနွေးပွဲကို မြတ်နန်းယုံဟိုတယ်၊ နေပြည်တော်တွင် (၂၅-၉-၂၀၁၉)ရက်နေ့မှ(၂၇-၉-၂၀၁၉) ရက် နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့၏ လုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ တိုးတက်ပြောင်းလဲလာစေရန်၊ စနစ်တကျပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အခြားသောဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရာတို့တွင် လျှင်မြန်လွယ်ကူအဆင်ပြေစေရန်၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းအချင်းချင်း တွေ့ဆုံ၍ ကောင်းမွန်သည့်နည်းလမ်းများဖော်ထုတ်ရန်တို့အတွက် အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ပြီးစီးမှုအား တင်ပြအစီရင်ခံခြင်း ဖြစ်ပါသည်။

 

(၂၅-၉-၂၀၁၉)ရက်နေ့၌အလုပ်ရုံဆွေးနွေးပွဲစတင်ဖွင့်လှစ်ခဲ့ပြီးဒေါက်တာစိုးဦး၊ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာနမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အမှာစကားပြောကြားရာတွင် ယခုအလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားသည် (၂၀၁၇)ခုနှစ်မှ (၂၀၁၉) ခုနှစ်ထိ (၃)နှစ်တာကာလအတွင်း ဆေးလူမှုဆက်ဆံ ရေးလုပ်ငန်းဆောင်ရွက်မှုများအား ဆန်းစစ်ခြင်း အလုပ်ရုံဆွေးနွေးပွဲဖြစ်ကြောင်း၊ ပြည်သူလူထု အပါအဝင် စေတနာရှင်၊ အလှူရှင်များ၏ တွေ့ကြုံနေရသောအခက်အခဲများအား ဆေးလူမှုဆက်ဆံရေး ဝန်ထမ်းများမှ  ပူးပေါင်း ဖြေရှင်းဆောင်ရွက်ပေးနေတာကို တွေ့ရပါကြောင်း၊ Evaluation Workshop သည် နှစ်(၆၀) ကျော်အတွင်း ပထမဆုံးပြုလုပ်သောအလုပ်ရုံဆွေးနွေးပွဲဖြစ်ကြောင်း၊ ဆေးလူမှုဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် “ Sense of Ownership ” စိတ်ထားနဲ့သွားမှ အဆင်ပြေမည် ဖြစ်ပါကြောင်း၊ Bio, Psycho, Social ပေးဖို့ ဗဟုသုတကျယ်ပြန့်ဖို့လိုအပ်ကြောင်း၊ လူတစ်ဦးနဲ့တစ်ဦး တူမှာမဟုတ် ကြောင်း၊ High Way ကားမောင်းသလို ပုံမှန်မောင်းလို့မရ ကြိုတင်တွက်ဆပြီးပြီးပြည့်စုံအောင် ဆောင်ရွက် ပေးဖို့ လိုအပ်ကြောင်း၊ လူနာတစ်ယောက်ဆေးရုံစတက်ရာမှစ၍ ပြန်ဆင်းပြီး ပြန်လည်ထူထောင်နိုင်သည် အထိ ဆေးလူမှုဆက်ဆံရေးဌာနက ပါဝင်ပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် Hospital Reception Service လုပ်ငန်းနှင့် D/C Parade လုပ်ငန်းများဆောင်ရွက်စေခဲ့ကြောင်း၊ Health Professional တစ်ခုလုံးကို ကာကွယ်ပေးနေသည့်ဌာနဖြစ်တဲ့အတွက် မိမိအနေဖြင့် အမွန်မြတ်ဆုံးဌာနဟု ပြောကြားချင် ကြောင်း၊ Patient Satisfaction ရရှိရန် ဆေးရုံအုပ်ချုပ်မှု၊ ဆရာဝန်၊ သူနာပြု၊ ဆေးလူမှုဆက်ဆံရေး ဝန်ထမ်းများ လေးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်သွားဖို့လိုကြောင်း၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ အားလုံး စည်းစည်း လုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် မွန်မြတ်သော မိမိတို့ Professional ကို ချစ်မြတ်နိုး သည့်စိတ်ဖြင့် တက်ကြွစွာဆောင်ရွက်သွားကြရန်တိုက်တွန်းကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ တိုင်း‌ဒေသကြီး/ ပြည်နယ်များမှ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ဆေးလူမှုဆက်ဆံရေးအရာရှိများ၊ ဆေးလူမှုဆက်ဆံရေးမှူးများ စုစုပေါင်း (၈၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား (၃) ရက် ကျင်းပပြုလုပ်ခဲ့ရာ ပထမနေ့တွင် တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခုနှင့် အမျိုးသားသွေးဌာန(ရန်ကုန်)တို့မှ (၃)နှစ်တာ ကာလအတွင်း ဆေးလူမှု ဆက်ဆံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို Power Point Presentation များဖြင့် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယနေ့တွင် အုပ်စု(၅)စုဖွဲ့၍ တွေ့ကြုံရသည့် အခက်အခဲ ပြဿနာများ၊ ဆောင်ရွက်လိုသည့် မျှော်မှန်းချက်များနှင့် အစီအစဉ်များကို အုပ်စုဖွဲ့ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဒုတိယနေ့နှင့် တတိယနေ့များတွင် ဆွေးနွေးချက်များကို အုပ်စုအသီးသီးမှ ရှင်းလင်းတင်ပြခြင်း၊ တင်ပြချက်များကို ဒေါက်တာကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝန်ထမ်းရေးရာ)၊ ဒေါက်တာကျော်ကျော်လွင်၊ ညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေး)၊ ဒေါက်တာကျော်စွာလွင်၊ ညွှန်ကြားရေးမှူး (ပုဂ္ဂလိက)၊ ဦးဝင်းဦး၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး)၊ ဒေါက်တာအောင်ဝင်း၊ ညွှန်ကြားရေးမှူး (ကုသထောက်ကူ)(ပူးတွဲတာဝန်) တို့မှ  အကြံပြုဆွေးနွေးပေးခဲ့ကြပြီး (၂၇-၉-၂၀၁၉) ရက် နေ့လည် (၁:၃၀) နာရီတွင် အလုပ်ရုံဆွေးနွေးပွဲပြီးမြောက်ခဲ့ပါသည်။

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

Bitnami