Month: October 2019

သွားကျန်းမာရေးပညာဌာနခွဲမှ နယ်လှည့်ကွင်းဆင်း ဆေးကုခြင်းလုပ်ငန်းများ ဆောင်ရွက်

ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲ၏ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ (စံကား) ရေပူကျေးရွာအုပ်စု၊ လွယ်နွဲ့ဘုရားတောင် ရေဆိပ်ဘုန်းတော်ကြီးကျောင်းတွင် (၁၃-၁၀-၂၀၁၉) ရက်နေ့မှ (၁၄-၁၀-၂၀၁၉)ရက်နေ့ထိ ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပြသခြင်း၊ စစ်ဆေးကုသခြင်းများပြုလုပ်ကာ စုစုပေါင်း (၂၅၀)ဦးအား လိုအပ်သည့်ဆေးကုသမှုများကို အခမဲ့ကွင်းဆင်းကုသပေးခဲ့ပါသည်။          ... Read More | Share it now!

ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ ကွင်းဆင်းစစ်ဆေးခြင်း ကမ္ဘာ့ဘဏ်ချေးငွေအစီအစဉ်ဖြင့် ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင် ဦးဆောင်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဆွေဝင်းဝင်းခိုင်၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဆင့် နှင့် ဌာနခွဲစာရေး ဒေါ်ခင်မာထွေးတို့ သည် (၁၉-၉-၂၀၁၉) ရက်နေ့မှ (၂၁-၉-၂၀၁၉) ရက်နေ့အထိ ကချင်ပြည်နယ် ကုသရေးဦးစီးဌာနမှူးရုံးတွင် မြို့နယ်ကုသရေးဦးစီး ဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် မိုးကောင်းမြို့နယ်ဆေးရုံနှင့် ဝိုင်းမော်မြို့နယ်ဆေးရုံများသို့ Check List နှင့်ပတ်သက်၍... Read More | Share it now!