Home newsကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ ဦးဆောင်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ အသစ်ဖွင့်လှစ်ပေးနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း
ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ ဦးဆောင်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ အသစ်ဖွင့်လှစ်ပေးနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း

ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ ဦးဆောင်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ အသစ်ဖွင့်လှစ်ပေးနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြား ရေးမှူး(စီမံကိန်း)၊ ဒေါက်တာရဲမြင့်အောင်၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးကုသရေးဉီးစီးဌာန၊ မကွေး တိုင်းဒေသကြီး၊ ဒေါက်တာနှင်းမြိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(အင်ဂျင်နီယာ)နှင့် ဒေါ်စန္ဒီမွန်၊ အငယ်တန်းအင်ဂျင်နီယာ(၂)တို့ပါဝင်သော အဖွဲ့ဝင်များသည် (၂၈-၁၁-၂၀၁၉) ရက်နေ့မှ (၂၉-၁၁-၂၀၁၉) ရက်နေ့အထိ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ဆေးရုံအား ခုတင်(၅၀)ဆံ့ဆေးရုံမှ ခုတင်(၁၀၀)ဆံ့ဆေးရုံသို့ အဆင့်မြှင့်တင်ရန်နှင့် စိုင်ကောင်းကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ အင်းကန် ကျေးရွာ၊ သားမျှားကျေးရွာတို့တွင် တိုက်နယ်ဆေးရုံများ ဖွင့်လှစ်ပေးရန် တင်ပြတောင်းခံခြင်းအပေါ် မြေပြင်တွေ့ရှိချက် များအား စိစစ်သုံးသပ်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်ဆေးရုံ ခုတင်အဆင့်မြှင့်တင်ရန်နှင့် တိုက်နယ်ဆေးရုံအသစ်တိုးချဲ့ဖွင့်လှစ်နိုင်ရန် လိုအပ်သည့်အခြေခံမူများနှင့် ကိုက်ညီမှုရှိ/မရှိကိုစစ်ဆေး ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံရပ်မိရပ်ဖများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ‌ တွေ့ဆုံညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။

             

 

Leave a Reply

Your email address will not be published. Required fields are marked *

Bitnami