Month: January 2020

သွားကျန်းမာရေးအတွက် အသိပညာပေးဆင့်ပွားသင်တန်း ကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲသည် (၁၁-၁-၂၀၂၀)ရက်နေ့တွင် အထူးဒေသ(၄)၊ မိုင်းလားမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ထက်/လယ်/မူကျောင်းများမှ ဆရာ/ဆရာမများ (၁၅၀-ဦး)အား ကျောင်းကျန်းမာရေးလှုပ်ရှားမှု(သွားကျန်းမာရေး)အတွက် အသိပညာပေး ဆင့်ပွား သင်တန်း (Training of Trainers Program) ပြုလုပ်ကာ ဆရာ/ဆရာမများနှင့် သွားနှင့် ခံတွင်းဆိုင်ရာ အသိပညာများနှီးနှောဖလှယ်ခြင်း၊ စနစ်မှန်သွားတိုက်နည်းကို သင်ကြားပေးခြင်းနှင့် အတူတကွ သွားတိုက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ... Read More | Share it now!

ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များအား ကွင်းဆင်းကြည့်ရှုခြင်း

ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ သည် မွန်ပြည်နယ် ကုသရေးဦးစီးဌာနမှူးနှင့်အတူ (၁၉-၁-၂၀၂၀) ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ဆေးရုံ၌ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ တိုက်နယ်ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။  ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) က ပြောကြားရာတွင် ဆေးရုံများအနေဖြင့် Patient Safety ကို ဦးစားပေးဆောင်ရွက်သွားစေလိုကြောင်း၊ အခြေခံ အရေးပေါ်ဆေးဝါးများ မပြတ်လပ်စေရန် အထူးဂရုထားကြစေလိုကြောင်း၊ ဆေးရုံတက်ရောက် လူနာများအား... Read More | Share it now!

Workshop on Private Healthcare Development ကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်နှင့်အညီလက်လှမ်းမီသောကျန်းမာရေးစောင့်ရှောက်မှုစနစ်အားပြည်သူလူထုအားလုံးလွှမ်းခြုံမှုပေးနိုင်ရန်ကြိုးပမ်းရာတွင်Public Sector, Private Sector နှင့် EHO, NGO, INGO တို့၏ကဏ္ဍအားလုံးသည် တပြေးညီဖြစ်ထွန်းစေရန် ကုသရေးဦးစီးဌာန၊ ပုဂ္ဂလိကကျန်းမာရေးဌာနခွဲသည် Workshop on Private Healthcare Development ကို (၁၅-၈-၂၀၁၉)ရက်နေ့နှင့် (၁၆-၈-၂၀၁၉) ရက်နေ့တွင် နေပြည်တော် Hotel Max တွင် ကျင်းပပြုလုပ်ခဲ့သည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ၎င်းအခက်အခဲများအား... Read More | Share it now!