Home Divisions Newsထားဝယ်မြို့တွင် Electronic Monthly Implementation Reporting System (Refresher Training) သင်တန်းကျင်းပပြုလုပ်ခြင်း
ထားဝယ်မြို့တွင် Electronic Monthly Implementation Reporting System (Refresher Training) သင်တန်းကျင်းပပြုလုပ်ခြင်း

ထားဝယ်မြို့တွင် Electronic Monthly Implementation Reporting System (Refresher Training) သင်တန်းကျင်းပပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန(ဘဏ္ဍာရေးဌာနခွဲ)မှကမ္ဘာ့ဘဏ်အဖွဲ့နှင့်အတူ(၂၀၁၉-၂၀၂၀)ခုဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် Electronic Monthly Implementation Reporting System (Refresh Training) သင်တန်းအား (၃-၁၂-၂၀၁၉) ရက်နေ့မှ (၅-၁၂-၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းမှ အဖွင့်အမှာစကားပြောကြားပြီး ကုသရေးဦးစီးဌာန(ရုံးချုပ်)၊ ဘဏ္ဍာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေမြတ်ထွန်းမှ အမှာစကားပြောကြားခဲ့ပါသည်။ ဘဏ္ဍာရေးဌာနမှ လုပ်ငန်းစဉ်အကျဉ်းနှင့် ရည်ရွယ်ချက်တို့ကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများနှင့် မိတ်ဆက်ခြင်းများ ပြုလုပ်ကြပါသည်။ကမ္ဘာ့ဘဏ်မှ  ဆရာမဒေါ်စောသုနန္ဒာမှ   Electronic  Templete  ဖြင့် စာရင်းသွင်းခြင်းနှင့်ပက်သက်၍ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်၍ ရရှိသည့် အကျိုးကျေးဇူးများ ကို ရှင်းလင်းပြောကြားပါသည်။

ထိုနောက် ကမ္ဘာ့ဘဏ်မှ ဆရာမဒေါ်မြမြစီမှ ဌစလချုပ် (Flow)  များကို သေချာစွာရှင်းလင်း ပြောကြားပါသည်။  ရငွေဆိုင်ရာစာရင်းများနှင့် အသုံးစရိတ်များကို   Templete  ဖြင့် စာရင်းသွင်းနိုင်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာ(ရုံးချုပ်)မှ ဒေါ်ဟင်္သာခိုင် (ဦးစီးအရာရှိ)  က ပြန်လည်သင်ကြားခဲ့ပါသည်။ ထို့နောက်သင်တန်းသား/သင်တန်းသူများအား ကိုယ်တိုင်ရေးသွင်းစေခဲ့ပြီး အခက်အခဲများရှိလျှင်လည်း ပြန်လည်တင်ပြရန် ပြောကြားခဲ့ပါသည်။ စာရင်းရေးသွင်းခြင်းကြောင့် ဖြစ်ပေါ်လာသောအခက်အခဲ များကို ကမ္ဘာ့ဘဏ်မှ ဆရာမဒေါ်စောသုနန္ဒာမှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Bitnami