Home Articles posted by Author 2
မန္တလေးတိုင်းဒေသကြီးတွင် သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးလုပ်ဆောင်ခြင်း

မန္တလေးတိုင်းဒေသကြီးတွင် သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးလုပ်ဆောင်ခြင်း

ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာ ဌာနခွဲ၏ဦးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သွားနှင့်ခံတွင်းဆရာဝန်များနှင့် ပူးပေါင်းကာ နွားထိုးကြီးမြို့နယ်၊  ရွာကြီးရွာတွင် (၁၅-၂-၂၀၂၀) ရက်နေ့၌ ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပြသခြင်းနှင့် အတူတကွသွားတိုက်ခြင်း၊ သွားနှင့်ခံတွင်းရောဂါများစစ်ဆေးကုသပေးခြင်းများ ပြုလုပ်ကာ စုစုပေါင်း (၁၈၂)ဦးအား လိုအပ်သည့်ဆေးကုသမှုများကို အခမဲ့ကွင်းဆင်းကုသပေးခဲ့ပါသည်။

Read More
ကချင်ပြည်နယ်တွင် သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးလုပ်ဆောင်ခြင်း

ကချင်ပြည်နယ်တွင် သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးလုပ်ဆောင်ခြင်း

ကချင်ပြည်နယ်၊ နောင်မွန်းမြို့၊ ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာ မိုးလုံးထွန်းလင်းအောင် ဦးဆောင်မှုဖြင့် နောင်မွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှု (သွားကျန်းမာရေး) ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ (၁၀-၂-၂၀၂၀) ရက်နေ့တွင် ရပ်ဘော့၊     (၁၁-၂-၂၀၂၀) ရက်နေ့တွင် နောင်မွန်၊ (၁၃-၂-၂၀၂၀) ရက်နေ့တွင် ကဆန်ခူးနှင့် (၁၄-၂-၂၀၂၀) ရက်နေ့တွင် ဂတ်ထု ရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအား သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန် သွားတိုက်နည်း သင်ကြားပြသခြင်းနှင့် အတူတကွသွားတိုက်ခြင်း၊ စစ်ဆေးကုသခြင်းများ ကွင်းဆင်း ကုသပေးခဲ့ပါသည်။

Read More
မန္တလေးတိုင်းတွင်Electronic Monthly Implementation Reporting System သင်တန်းကျင်းပပြုလုပ်ခြင်း

မန္တလေးတိုင်းတွင်Electronic Monthly Implementation Reporting System သင်တန်းကျင်းပပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန ၊ ဘဏ္ဍာရေးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် Electronic Monthly Implementation Reporting System သင်တန်းအား မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ငွေစာရင်းကိုင် ဝန်ထမ်းများအား ( ၁၉ – ၁ – ၂၀၂၀ ) မှ ( ၂၄ – ၁- ၂၀၂၀ ) အထိ ( ၆ ) ရက် တိုင်အောင် Refresher Training များ ကျင်းပပြုလုပ်ခဲ့ပါသည်။

Read More
သွားကျန်းမာရေးအတွက် အသိပညာပေးဆင့်ပွားသင်တန်း ကျင်းပပြုလုပ်ခြင်း

သွားကျန်းမာရေးအတွက် အသိပညာပေးဆင့်ပွားသင်တန်း ကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲသည် (၁၁-၁-၂၀၂၀)ရက်နေ့တွင် အထူးဒေသ(၄)၊ မိုင်းလားမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ထက်/လယ်/မူကျောင်းများမှ ဆရာ/ဆရာမများ (၁၅၀-ဦး)အား ကျောင်းကျန်းမာရေးလှုပ်ရှားမှု(သွားကျန်းမာရေး)အတွက် အသိပညာပေး ဆင့်ပွား သင်တန်း (Training of Trainers Program) ပြုလုပ်ကာ ဆရာ/ဆရာမများနှင့် သွားနှင့် ခံတွင်းဆိုင်ရာ အသိပညာများနှီးနှောဖလှယ်ခြင်း၊ စနစ်မှန်သွားတိုက်နည်းကို သင်ကြားပေးခြင်းနှင့် အတူတကွ သွားတိုက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။

Read More
ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များအား ကွင်းဆင်းကြည့်ရှုခြင်း

ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များအား ကွင်းဆင်းကြည့်ရှုခြင်း

ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ သည် မွန်ပြည်နယ် ကုသရေးဦးစီးဌာနမှူးနှင့်အတူ (၁၉-၁-၂၀၂၀) ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ဆေးရုံ၌ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ တိုက်နယ်ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။  ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) က ပြောကြားရာတွင် ဆေးရုံများအနေဖြင့် Patient Safety ကို ဦးစားပေးဆောင်ရွက်သွားစေလိုကြောင်း၊ အခြေခံ အရေးပေါ်ဆေးဝါးများ မပြတ်လပ်စေရန် အထူးဂရုထားကြစေလိုကြောင်း၊ ဆေးရုံတက်ရောက် လူနာများအား ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို သေချာစွာ ရှင်းပြစေလိုကြောင်း၊ ဝန်ထမ်းများအား Communication Skills ကောင်းမွန်စေလိုကြောင်း၊ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည့် နှစ်ထပ်လူနာဆောင်အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက် များတောင်းခံ၍ လမ်းညွှန်မှုခံယူရန် ပြောကြားဆွေးနွေးပြီး ဆွေးနွေးပွဲတက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒေါက်တာသီတာလှသည် တောင်စွန်းတိုက်နယ်ဆေးရုံနှင့် ဇုတ်သုတ်တိုက်နယ် […]

Read More
Workshop on Private Healthcare Development ကျင်းပပြုလုပ်ခြင်း

Workshop on Private Healthcare Development ကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်နှင့်အညီလက်လှမ်းမီသောကျန်းမာရေးစောင့်ရှောက်မှုစနစ်အားပြည်သူလူထုအားလုံးလွှမ်းခြုံမှုပေးနိုင်ရန်ကြိုးပမ်းရာတွင်Public Sector, Private Sector နှင့် EHO, NGO, INGO တို့၏ကဏ္ဍအားလုံးသည် တပြေးညီဖြစ်ထွန်းစေရန် ကုသရေးဦးစီးဌာန၊ ပုဂ္ဂလိကကျန်းမာရေးဌာနခွဲသည် Workshop on Private Healthcare Development ကို (၁၅-၈-၂၀၁၉)ရက်နေ့နှင့် (၁၆-၈-၂၀၁၉) ရက်နေ့တွင် နေပြည်တော် Hotel Max တွင် ကျင်းပပြုလုပ်ခဲ့သည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ၎င်းအခက်အခဲများအား ဖြေရှင်းရန်နည်းလမ်းများရှာဖွေဖော်ထုတ်ရန်နှင့်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် စီမံချက်များ ချမှတ်နိုင်ရန် ရည်ရွယ်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

Read More
အိတ်ဖွင့်တင်ဒါ ပစ္စည်းအမျိုးအစားများပြင်ဆင်သတ်မှတ်ခြင်း

အိတ်ဖွင့်တင်ဒါ ပစ္စည်းအမျိုးအစားများပြင်ဆင်သတ်မှတ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် (၂၀၁၉-၂၀၂၀) ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ဂျပန်နိုင်ငံ (JICA) အဖွဲ့ လှူဒါန်းမှုဖြင့် ဆောက်လုပ်လျက်ရှိသော ရန်ကုန်အထူးကုဆေးရုံသစ်ကြီး (New Yangon Specialist Hospital) အတွက် လိုအပ်သော ဆေးရုံသုံးစက်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားရာတွင် ပစ္စည်းအမျိုးအစားများကို အုပ်စုပြောင်းလဲခြင်း၊ Tender Premium များ ပြင်ဆင်ခြင်း၊ Specification များပြင်ဆင်ခြင်းနှင့် လိုအပ်သော Drawing များ ထည့်သွင်းပေးခြင်းတို့ကို ပြင်ဆင်သတ်မှတ်ကြောင်း အသိပေးခဲ့ပါသည်။

Read More
တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်:

တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်:

ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် သည် ဒုတိယညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာစောသက်လျာအောင် လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် (၁၀-၁-၂၀၂၀) ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း (လားရှိုး) ကုသရေးဦးစီးဌာန၌ ခရိုင်နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း(လားရှိုး) ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလွင်လွင်ဦးလှိုင် က –ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များတိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများလုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများသက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ဒေါက်တာလွင်လွင်ဦးလှိုင်နှင့်အဖွဲ့သည် (၁၁-၁-၂၀၂၀) ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့်အတူ သီပေါမြို့နယ်ပြည်သူ့ဆေးရုံနှင့် နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံများ သို့ ကွင်းဆင်း၍ Check list ဖြင့် စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

Read More
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်ပဲခူးပြည်သူ့ဆေးရုံကြီးသို့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်ပဲခူးပြည်သူ့ဆေးရုံကြီးသို့

 ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာသီတာလှ၊ ဒေါက်တာကျော်ဇေယျ၊ ညွှန်ကြားရေးမှူးဒေါက်တာမျိုးသန့်ခိုင်နှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို (၁၅-၁-၂၀၂၀) ရက်နေ့နံနက် (၉:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လည်းကောင်း၊ မွန်းလွဲ(၁၄:၀၀) နာရီအချိန်တွင် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မွန်းလွဲ(၁၅:၀၀) နာရီအချိန်တွင် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ရာ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများက ဆေးရုံသန့်ရှင်းသာယာရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ Clients’ Satisfaction and Providers’ Satisfaction ရရှိစေရေး ဆောင်ရွက်ထားရှိမှုများ၊ ပဲခူးအောင်သုခဆရာတော်ကြီးနှင့် တပည့်ယောဂီများ ဆောက်လုပ်လှူဒါန်းသည့်     ၄-ထပ်တိုးချဲ့လူနာဆောင် ဆောက်လုပ်နေမှုတို့ကို ဆေးရုံအုပ်ကြီးမှ ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ပဲခူးပြည်သူ့ဆေးရုံကြီး၏ ဘက်စုံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုများအတွက် အသိအမှတ်ပြုချီးကျူးဂုဏ်ယူ ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကာ အထူးကုဆရာဝန်ကြီးများ၊ […]

Read More
Bitnami