ကုသ/ကာကွယ်/ဆေးခုံဌာနခွဲ

ကုသ/ကာကွယ်/ဆေးခုံဌာနခွဲ

SOP နှင့် Guideline များ တည်းဖြတ်ရေးအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကျင်းပပြုလုပ်ခြင်း

 မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျ သည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guidelines များ တည်းဖြတ်ရေးအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့၊ Summit Parkview Hotel ၌ ၂၀၂၀ပြည့်နှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ တည်းဖြတ် ရေးအဖွဲ့ ဥက္ကဋ္ဌ ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာမြင့်ဟန်နှင့် အဖွဲ့ဝင် ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်... Read More | Share it now!

မကွေးတိုင်းဒေသကြီးခရီးစဉ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသီတာလှသည် (၂၁-၂-၂၀၂၀) ရက်နေ့၊ ညနေ(၄:၀၀) နာရီတွင် ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့၌  တာဝန်ထမ်းဆောင်နေကြသော ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ COVID-19 အတွက် Hospital Preparedness အခြေအနေကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ခဲ့ပါသည်။ (၂၂-၂-၂၀၂၀)ရက်နေ့၊ ညနေ (၃:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ခရိုင်ပြည်သူ့ဆေးရုံ၊ သရက်မြို့သို့ ရောက်ရှိ၍ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ဝန်ထမ်းများ... Read More | Share it now!

Symposium on Patient Safety ကျင်းပပြုလုပ်ခြင်း

(၄၈)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၃)ရက်မှ (၁၇)ရက်အထိ ကျင်းပ ပြုလုပ်လျက်ရှိရာ ညီလာခံ၏ ဆွေးနွေးပွဲတစ်ခုအဖြစ် Symposium on Patient Safety ကို ဆေးသုတေသနဦးစီးဌာန၊ Auditorium 2 ၌ ဇန်နဝါရီလ (၁၄)ရက်နေ့၊ နံနက် (၉:၃၀)နာရီမှ မွန်းလွဲ (၁၂:၃၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ဆေးပညာ) ပါမောက္ခဒေါက်တာဇော်လင်းအောင်တို့က သဘာပတိများအဖြစ်... Read More | Share it now!