Home Archive By Category "စစ်ဆေးရေးဌာနခွဲ"
တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း

တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် နှင့်အဖွဲ့သည် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းခြင်းစီမံချက်ကို ဆက်လက်ဆောင်ရွက် ခဲ့ရာ (၂၃-၁၁-၂၀၁၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၌ ရန်ကုန်မြို့ပေါ်ရှိဆေးရုံကြီး ၆ ရုံမှ ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်ခဲ့ပါသည်။   ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလွင်လွင်ဦးလှိုင်နှင့် တက်ရောက်လာသူများက – ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ တိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများ လုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများ သက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ပါသည်။    ဆက်လက်၍ ဒေါက်တာလွင်လွင်ဦးလှိုင်နှင့်အဖွဲ့သည် (၂၄-၁၁-၂၀၁၉) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး […]

Read More
မြန်မာနိုင်ငံတွင် Medical Audit System စတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

မြန်မာနိုင်ငံတွင် Medical Audit System စတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

မြန်မာနိုင်ငံတွင် Medical Audit System စတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သတင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထောက်ကူ ပံ့ပိုးမှုဖြင့် Medical Audit System ကို အကောင်အထည်ဖော်နိုင်ရန် ခြေလှမ်းအစဖြစ် The Initiation of Medical Audit System အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ Melia Yangon Hotel တွင် ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ်/ ဆေးရုံ အုပ်ကြီး ဒေါက်တာရီရီမြင့်၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Dr Stephan Paul Jost (WR Myanmar […]

Read More
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

• ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် နှင့် စစ်ဆေးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ များ ပါဝင်သောအဖွဲ့သည် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ် အထောက် အပံ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကုသရေးဦးစီးဌာန ၃ ခု သို့ ကွင်းဆင်းပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ – ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများ၊ လုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများ၊ သက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ကြပါသည်။ • ဆက်လက်၍ ခရိုင်/မြို့နယ်ပြည်သူ့ဆေးရုံ ၆ ရုံအား Check list ဖြင့် စစ်ဆေးမှတ်တမ်းတင်ခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည် […]

Read More
ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဆေးရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ ကွင်းဆင်းစစ်ဆေးခြင်း ကမ္ဘာ့ဘဏ်ချေးငွေအစီအစဉ်ဖြင့် ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင် ဦးဆောင်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဆွေဝင်းဝင်းခိုင်၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဆင့် နှင့် ဌာနခွဲစာရေး ဒေါ်ခင်မာထွေးတို့ သည် (၁၉-၉-၂၀၁၉) ရက်နေ့မှ (၂၁-၉-၂၀၁၉) ရက်နေ့အထိ ကချင်ပြည်နယ် ကုသရေးဦးစီးဌာနမှူးရုံးတွင် မြို့နယ်ကုသရေးဦးစီး ဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် မိုးကောင်းမြို့နယ်ဆေးရုံနှင့် ဝိုင်းမော်မြို့နယ်ဆေးရုံများသို့ Check List နှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုများကို များကိုပြုလုပ်ခဲ့ပါသည်။   ကုသရေးဦးစီးဌာန၊စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင် ဦးဆောင် ၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်တင်အောင်၊ ဌာနခွဲစာရေး ဒေါ်ဝါဝါမြင့်နှင့် အကြီးတန်းစာရေး ဒေါ်ငြိမ်းချမ်းလင်း တို့ပါဝင်သောအဖွဲ့သည် (၁၂-၉-၂၀၁၉) ရက်နေ့မှ (၁၄-၉-၂၀၁၉) ရက်နေ့ထိ မွန်ပြည်နယ်၊ ကုသရေးဦးစီးဌာနလက်အောက်ရှိ မြို့နယ်ကုသရေးဦးစီးဌာနမှူး များနှင့်တွေ့ဆုံ၍ ဆွေးနွေးပွဲပြုလုပ်ခြင်း၊ […]

Read More

စစ်ဆေးရေးဌာနခွဲ၏ တာဝန်ဝတ္တရားများ

(၁)     ဆေးဘက်ဆိုင်ရာဥပဒေများ၊ ကျန်းမာရေးဆိုင်ရာဥပဒေများ ထိန်းသိမ်းခြင်း၊ လိုအပ်သလို           ညွှန်ကြားချက်များထုတ်ပြန်ခြင်း။ (၂)      ဥပဒေနှင့်သက်ဆိုင်သည့် အကြံဉာဏ်များပေးခြင်း၊ ကျန်းမာရေးကဏ္ဍနှင့်သက်ဆိုင်သော   ဥပဒေများ ရေးဆွဲခြင်းတို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ညှိနှိုင်းအကြံပြုခြင်း။ (၃)     နိုင်ငံ့ဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ တာဝန်ထမ်းဆောင်စေရန် ညွှန်ကြား           ချက်ထုတ်ပြန်ခြင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဖောက်ဖျက်ပါက အရေးယူနိုင်ရေးစိစစ်     တင်ပြခြင်း။ (၄)     ဌာနကင်းကွာလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ကြားစာများအား ဌာန           ဆိုင်ရာစုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်း၊ စိစစ်သုံးသပ်ခြင်း၊ အစီရင်ခံတင်ပြခြင်း။ (၅)     ကုသရေးဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်းအဖြစ်မှထုတ်ပစ်၊ ရာထူးမှထုတ်ပယ်ပြီးသူများ   အနက် လျော်ကြေးငွေငြိစွန်းသူများအား သတ်မှတ်လျော်ကြေးငွေ ပေးလျော်စေခြင်းနှင့်     ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လစဉ်တင်ပြ        အစီရင်ခံခြင်း။ (၆)     ပြည်သူ့ဆေးရုံများ၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးမြင့်မားလာစေရေးအတွက် […]

Read More
ကုသရေးဦးစီးဌာန၏ Lunch Time Talk ပြုလုပ်ကျင်းပ

ကုသရေးဦးစီးဌာန၏ Lunch Time Talk ပြုလုပ်ကျင်းပ

ကုသရေးဦးစီးဌာန၏ Lunch Time Talk ပြုလုပ်ကျင်းပ နေပြည်တော်၊ မတ်​လ(၁)ရက် ကုသရေးဦးစီးဌာန၏ “Lunch Time Talk” အား ၂၀၁၉ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကုသရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ တက်ရောက်​ခဲ့ကြပြီး ​ဒေါက်​တာမင်​းဟံသာထွန်​း၊ လက်​​ထောက်​ဆရာဝန်​(စစ်​​ဆေး​ရေး)မှ “ Digital Health ” ခေါင်းစဉ်အား တင်​ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များပါဝင်ဆွေးနွေးခဲ့ကြပါသည်။  

Read More
Bitnami