Home Archive By Category "စီမံကိန်းဌာနခွဲ"
Workshop on Output from Evaluation of Hospital Performance Indicators အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကျင်းပခြင်း

Workshop on Output from Evaluation of Hospital Performance Indicators အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကျင်းပခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် World Bank တို့ ပူးပေါင်းဆောင်ရွက်၍ ဗဟို အဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ၏ ဆေးရုံ စွမ်းဆောင်ရည် အညွှန်းကိန်းရလာဒ်များ ပြန်လည်ဝေမျှခြင်း အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် Man Myanmar Hotel ၌ (၂၆-၉-၂၀၁၉)ရက်နေ့မှ (၂၇-၉-၂၀၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ လက်ထောက်ဆရာဝန်များ၊ ဦးစီးအရာရှိ များ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန၊ ဒေါက်တာစိုးဦး ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဆေးရုံလုပ်ငန်း စွမ်းဆောင်ရည်အညွှန်းကိန်းများကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းသည် များစွာ အရေးကြီးပါ ကြောင်းနှင့် ဆေးရုံလုပ်ငန်းစွမ်းဆောင်ရည် အညွှန်းကိန်းရလာဒ်များကို ယခုလို ပြန်လည်ဝေမျှခြင်း သည် ကုသရေးဦးစီးဌာနလက်အောက်ရှိ […]

Read More
Workshop on Evaluation of Hospital Performance Indicators of Central, State/Region and Township Hospitals အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

Workshop on Evaluation of Hospital Performance Indicators of Central, State/Region and Township Hospitals အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် World Bank တို့ ပူးပေါင်းဆောင်ရွက်၍ ဗဟိုအဆင့်ဆေးရုံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဆေးရုံများ၏ ဆေးရုံစွမ်းဆောင်ရည် အညွှန်းကိန်းများ ပြန်လည်ဆန်းစစ်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ Royal Naypyitaw Hotel ၌ (၉-၉-၂၀၁၉) ရက်နှင့် (၁၀-၉-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော ဗဟိုအဆင့်ဆေးရုံအုပ် ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဒုတိယပြည်နယ်/တိုင်းဒေသကြီးကုသရေး ဦးစီးဌာနမှူးများမှ ၊ ဆေးရုံအုပ်ကြီးများနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဒေါက်တာသာထွန်းကျော်က အဖွင့်အမှာစကားပြောကြား၍ ဆေးရုံလုပ်ငန်း စွမ်းဆောင်ရည်အညွှန်းကိန်းများကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းသည် များစွာအရေးကြီး ပါကြောင်း၊ ဆေးရုံလုပ်ငန်းစွမ်းဆောင်ရည်အညွှန်းကိန်းများကို စိစစ်ဖော်ထုတ်ခြင်းသည် ပိုမို […]

Read More

စီမံကိန်းဌာနခွဲ၏ လုပ်ငန်းတာဝန်များ

(၁) ကျန်းမာရေးဆိုင်ရာ နှစ်တိုနှစ်ရှည် စီမံကိန်းများ ရေးဆွဲခြင်း၊ (၂) ကျန်းမာရေးဆိုင်ရာဘောဂဗေဒနှင့်စာရင်းအင်းလုပ်ငန်းများလုပ်ဆောင်မှုကိုစီမံကြီးကြပ် ကွပ်ကဲခြင်း၊ (၃) ဆေးရုံများအသစ်ဖွင့်လှစ်ခြင်း၊ ခုတင်အဆင့်မြှင့်တင်ခြင်း၊ ဖွဲ့စည်းပုံပြင်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို စိစစ်၍ အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြလျက် ခွင့်ပြုမိန့်ရရှိရန် ဆောင်ရွက်ခြင်း၊ (၄) ကျန်းမာရေးကျွမ်းကျင်မှုဆိုင်ရာ သင်တန်းသားများရွေးချယ်ခြင်း၊ လေ့ကျင့်သင်ကြား ပေးခြင်းကိစ္စရပ်များကို စီမံကြီးကြပ်ကွပ်ကဲခြင်း၊ (၅) ပြည်ပတွင်ကျင်းပသည့် ကျန်းမာရေးဆိုင်ရာကျွမ်းကျင်မှု သင်တန်းများသို့ သင်တန်းသား စေလွှတ်ရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ (၆) လစဉ်အစီရင်ခံစာ၊ နှစ်ချုပ်အစီရင်ခံစာများ  ပြုစုရေးအတွက် စီမံကြီးကြပ်ကွပ်ကဲခြင်း၊ (၇) မိမိလက်အောက်ရှိဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက်ချက်တိုးတက်မှု ရှိ/မရှိ ဆန်းစစ် ခြင်း၊  သုံးသပ်ခြင်းနှင့် လိုအပ်သည်များကို စီမံကြီးကြပ်ကွပ်ကဲခြင်း၊ (၈) ကုသရေးဦးစီးဌာန၏ (E-Government) လုပ်ငန်းကို တာဝန်ခံဆောင်ရွက်ခြင်း၊ (၉) ကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံများ၏ ဆေးရုံသုံးဆေးနှင့် ဆေးပစ္စည်းများ၊ […]

Read More
Bitnami