Hospital_News

ပြည်သူ့ဆေးရုံများမှ သတင်းများ

ကုသရေးဦးစီးဌာနမှ ချင်းပြည်နယ်ဆေးရုံများသို့ သွားရောက်ကွင်းဆင်းစိစစ်ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးပြည်သူ့ဆေးရုံကြီး၊ တီးတိန်မြို့နယ်ဆေးရုံနှင့် တွန်းဇံမြို့နယ်ဆေးရုံတို့အား ခုတင်အဆင့်မြှင့်တင်နိုင်ရန်ကိစ္စနှင့်ပတ်သက်၍ ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြားရေးမှူး(စီမံကိန်း) ဦးဆောင်၍ ဒေါက်တာတင်မောင်ဆွေ၊ ညွှန်ကြားရေးမှူး(ဝယ်ယူရေး)၊ ဒေါက်တာမေလင်းထွန်း၊လက်ထောက်ညွှန်ကြားရေးမှူး(စီမံကိန်း)နှင့် ဦးကျော်ဇောဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(အင်ဂျင်နီယာBME)တို့ပါဝင်သောအဖွဲ့သည် (၂၀-၈-၂၀၂၀) ရက်နေ့မှ (၂၃-၈-၂၀၂၀) ရက်နေ့အထိ ချင်းပြည်နယ်သို့သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ... Read More | Share it now!

ပူတာအိုဆေးရုံ မွေးခန်းသုံးရေ နောက်ရခြင်းကိစ္စအား ရှင်းလင်းတင်ပြခြင်း

———— အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ရေနောက်ရခြင်းကိစ္စမှာ ၁။ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ခရိုင်ဆေးရုံကြီးနှင့်အညီ ပြည်သူများ၏ ကျန်းမာရေးကိုသာ ရှေ့ထားပြီး သန့်ရှင်းမှုကို အစဉ်အလေးထားလျက်ရှိကြောင်း ပထမဦးစွာ အသိပေးအပ်ပါသည်။ ၂။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားစဉ်နေ့က ဆေးရုံတိုးတက်ရေးအတွက်ဆောက်လုပ်ရေးလုပ်ငန်းများလုပ်စဉ် ရေပိုက်ကျိုးပေါက်သွားခြင်းဖြစ်ပါသည်။ မိုးအလွန်ရွာသောကာလဖြစ်သဖြင့် မိုးရွာထဲတွင် ပြန်လည်ပြုပြင်ရသောကြောင့်... Read More | Share it now!

စဝ်စံထွန်းဆေးရုံကြီးတွင် COVID-19 ပညာပေးအစီအစဉ်များပြုလုပ်ကျင်းပခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင် လူနာနှင့်လူနာစောင့်များအား Mask စနစ်တကျ တပ်ဆင်ခြင်း၊ ဖြုတ်ခြင်း၊ စွန့်ပစ်ခြင်းများနှင့် COVID-19 နှင့်ပတ်သက်သော ပညာပေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။ ... Read More | Share it now!

ပဲခူးပြည်သူ့ဆေးရုံကြီး၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီး ကျင်းပပြုလုပ်ခြင်း

ပဲခူးပြည်သူ့ဆေးရုံကြီး အနေဖြင့် Both Clients and Provider’s Satisfaction ရရှိနိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အနီးကပ်ကြီးကြပ်မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၏ ပူးပေါင်းကူညီမှုတို့ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိရာ လူနာများ၊ လူနာရှင်များအပါအဝင် ဒေသခံပြည်သူများနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများအပါအဝင် ဆေးရုံဝန်ထမ်းများ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ချစ်ခင်လေးစားမှု ပိုမိုတိုးတက်ရရှိစေရန်အတွက်... Read More | Share it now!