Home Archive By Category "news" (Page 2)
စစ်ကိုင်းတိုင်းဒေသကြီးတွင် Electronic Monthly Implementation Reporting System သင်တန်း ကျင်းပပြုလုပ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီးတွင် Electronic Monthly Implementation Reporting System သင်တန်း ကျင်းပပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန၊ဘဏ္ဍာရေးဌာနမှဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့်  Electronic Monthly Implementation Reporting System သင်တန်းအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငွေစာရင်းကိုင်ဝန်ထမ်းများအား (15.12.2019) မှ (20.12.2019) ထိ (6)ရက် တိုင်အောင် Refresher Training  ကျင်းပပြုလုပ်ခဲ့ပါသည်။

Read More
နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံကြီးတွင်ကျန်းမာရေး အသိပညာပေးဟောပြောခြင်:

နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံကြီးတွင်ကျန်းမာရေး အသိပညာပေးဟောပြောခြင်:

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံကြီးတွင် သွားနှင့်ခံတွင်း ရောဂါဝေဒနာခံစားနေရသော ပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးမြှင့်တင်ရေး လုပ်ဆောင်ချက်များဖြစ်သော သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန် သွားတိုက်နည်းသင်ကြားပြသခြင်းနှင့် အတူတကွသွားတိုက်ခြင်း၊ သွားနှင့်ခံတွင်းရောဂါများအား လိုအပ်သည့်စစ်ဆေးကုသခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။

Read More
တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း

တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း

• ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင်သည် လက်ထောက်ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာတင်တင်အောင် လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် (၂၀-၁၂-၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၌ ခရိုင် နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ • ဆက်လက်၍ ဒေါက်တာလွင်လွင်ဦးလှိုင်နှင့်အဖွဲ့သည် (၂၁-၁၂-၂၀၁၉) ရက်တွင် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရီရီခင်နှင့်အတူ သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ (၂၂-၁၂-၂၀၁၉) ရက်တွင် ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း ကွင်းဆင်း၍ Check list ဖြင့် စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ • ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလွင်လွင်ဦးလှိုင်နှင့် တက်ရောက်လာသူများက -ဝန်ထမ်းစည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များတိုင်ကြားစာများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူမှုများလုပ်ငန်းနှင့်စာရင်းစစ် အစီရင်ခံစာများအပေါ် ဆောင်ရွက်မှုများသက်တမ်းလွန်ဆေးတွေ့ရှိခြင်းအတွက် စစ်ဆေးအရေးယူမှုများကို အဓိက ဆွေးနွေးခဲ့ပါသည်။

Read More
ထားဝယ်မြို့တွင် Electronic Monthly Implementation Reporting System (Refresher Training) သင်တန်းကျင်းပပြုလုပ်ခြင်း

ထားဝယ်မြို့တွင် Electronic Monthly Implementation Reporting System (Refresher Training) သင်တန်းကျင်းပပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန(ဘဏ္ဍာရေးဌာနခွဲ)မှကမ္ဘာ့ဘဏ်အဖွဲ့နှင့်အတူ(၂၀၁၉-၂၀၂၀)ခုဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် Electronic Monthly Implementation Reporting System (Refresh Training) သင်တန်းအား (၃-၁၂-၂၀၁၉) ရက်နေ့မှ (၅-၁၂-၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းမှ အဖွင့်အမှာစကားပြောကြားပြီး ကုသရေးဦးစီးဌာန(ရုံးချုပ်)၊ ဘဏ္ဍာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေမြတ်ထွန်းမှ အမှာစကားပြောကြားခဲ့ပါသည်။ ဘဏ္ဍာရေးဌာနမှ လုပ်ငန်းစဉ်အကျဉ်းနှင့် ရည်ရွယ်ချက်တို့ကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများနှင့် မိတ်ဆက်ခြင်းများ ပြုလုပ်ကြပါသည်။ကမ္ဘာ့ဘဏ်မှ  ဆရာမဒေါ်စောသုနန္ဒာမှ   Electronic  Templete  ဖြင့် စာရင်းသွင်းခြင်းနှင့်ပက်သက်၍ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်၍ ရရှိသည့် အကျိုးကျေးဇူးများ ကို ရှင်းလင်းပြောကြားပါသည်။ ထိုနောက် ကမ္ဘာ့ဘဏ်မှ ဆရာမဒေါ်မြမြစီမှ ဌစလချုပ် (Flow)  များကို သေချာစွာရှင်းလင်း ပြောကြားပါသည်။  ရငွေဆိုင်ရာစာရင်းများနှင့် အသုံးစရိတ်များကို   Templete  ဖြင့် […]

Read More
Training of Trainer on Hospital Reception Services သင်တန်း ကျင်းပပြုလုပ်

Training of Trainer on Hospital Reception Services သင်တန်း ကျင်းပပြုလုပ်

ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ်မှ ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ခုတင်(၁၀၀)ဆံ့နှင့်အထက် ပြည်သူ့ ဆေးရုံများတွင်  ဆောင်ရွက်နေသည့် Hospital Reception Services လုပ်ငန်း ပိုမိုပြည့်စုံ ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လက်ထောက်ညွှန်ကြားရေးမှူး(ဆေးလူမှု)၊ ဆေးလူမှုဆက်ဆံရေးအရာရှိ၊ ဆေးလူမှုဆက်ဆံရေးမှူးတို့အား မွမ်းမံသင်တန်းပေး၍ သင်တန်းဆင်းပြီးပါက တိုင်းဒေသကြီး/ပြည်နယ်များတွင် စုရပ်ပြုလုပ်ပြီး Hospital Receptionist ဝန်ထမ်းများ အား ဆင့်ပွားသင်တန်းပြုလုပ်ပေး၍ ဆေးရုံများ၏ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် သွားနိုင်ရန် ရည်ရွယ်၍ သင်တန်းပေးခြင်း ဖြစ်ပါသည်။   သင်တန်းဖွင့်ပွဲအား (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် စတင်ပြုလုပ်၍ ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)မှ ဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲတွင်  ဒေါက်တာအောင်ဝင်း၊ ညွှန်ကြားရေးမှူး(ကုသထောက်ကူ)မှ သင်တန်းဆင်းအမှာစကားပြောကြား၍ ဒေါက်တာသန်းနိုင်စိုး၊ ညွှန်ကြားရေးမှူး(ပူးတွဲတာဝန်)၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနမှ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ သင်တန်းသို့  […]

Read More
ရန်ကုန်မြို့နှင့်မန္တလေးမြို့ရှိ သူနာပြုတက္ကသိုလ်များတွင် အထူးပြုသူနာပြုဒီပလိုမာ(၉)လသင်တန်း၊ B.N.Sc(Bridge) (၁)နှစ်သင်တန်းနှင့် B.N.Sc(Bridge) (၂)နှစ်သင်တန်း များသို့ တက်ရောက်ခွင့်ရရှိသူများစာရင်း

ရန်ကုန်မြို့နှင့်မန္တလေးမြို့ရှိ သူနာပြုတက္ကသိုလ်များတွင် အထူးပြုသူနာပြုဒီပလိုမာ(၉)လသင်တန်း၊ B.N.Sc(Bridge) (၁)နှစ်သင်တန်းနှင့် B.N.Sc(Bridge) (၂)နှစ်သင်တန်း များသို့ တက်ရောက်ခွင့်ရရှိသူများစာရင်း

Download Pdf; 9 Months (Mdy)(1) 9 Months (Ygn) Nursing University (Ygn)(On Off) Nursing University (Mdy)On Off(1)

Read More
ဧရာဝတီတိုင်းတွင်  Electronic Monthly Implementation Reporting System သင်တန်းအား ပြုလုပ်ကျင်းပခြင်း

ဧရာဝတီတိုင်းတွင် Electronic Monthly Implementation Reporting System သင်တန်းအား ပြုလုပ်ကျင်းပခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ ကုသရေးဦးစီးဌာန၊ဘဏ္ဍာရေးဌာနမှဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့်  Electronic Monthly Implementation Reporting System သင်တန်းအားဧရာဝတီတိုင်းအတွင်းရှိ ငွေစာရင်းကိုင် ဝန်ထမ်းများအား (၂၅-၁၁-၂၀၁၉) မှ (၂၇-၁၁-၂၀၁၉) ရက်ထိ (၃)ရက် တိုင်အောင် Refresher Training ပြုလုပ်ကျင်းပခဲ့ပါသည်။  

Read More
မွန်ပြည်နယ်တွင် Electronic Monthly Implementation Reporting System သင်တန်းပြုလုပ်ကျင်းပခြင်း

မွန်ပြည်နယ်တွင် Electronic Monthly Implementation Reporting System သင်တန်းပြုလုပ်ကျင်းပခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ကုသရေးဦးစီးဌာန၊ ဘဏ္ဍာရေးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် Electronic Monthly Implementation Reporting System သင်တန်းအား မွန်ပြည်နယ်အတွင်းရှိ ငွေစာရင်းကိုင်ဝန်ထမ်းများအား (၁၇-၁၁-၂၀၁၉) မှ (၁၉-၁၁-၂၀၁၉) အထိ (၃) ရက် တိုင်အောင် Refresher Training ပြုလုပ်ခဲ့ပါသည်။

Read More
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်း၊ သွားဘက်ဆိုင်ရာဆရာဝန်များအား စာတွေ့လက်တွေ့သင်ကြားခြင်း

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်း၊ သွားဘက်ဆိုင်ရာဆရာဝန်များအား စာတွေ့လက်တွေ့သင်ကြားခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော Japan Heart အဖွဲ့သည် “Human Resources Development Project for Cleft Lip and Palate Center of Myanmar” အနေဖြင့် ဂျပန်နိုင်ငံမှ သွားနှင့်ခံတွင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများသည် (၉-၁၂-၂၀၁၉) ရက်နေ့မှ      (၁၀-၁၂-၂၀၁၉) ရက်နေ့အထိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး-ခုတင် (၃၀၀) တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်း၊ သွားဘက်ဆိုင်ရာဆရာဝန်များအား စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပါသည်။

Read More
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုဆောင်ရွက်ခြင်:

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုဆောင်ရွက်ခြင်:

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲသည် (၂-၁၂-၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ထက်/လယ်/မူကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများ၏ ကျောင်းကျန်းမာရေးလှုပ်ရှားမှု (သွားကျန်းမာရေး)အတွက် ဆရာ/ဆရာမများ(၁၈၀-ဦး)အား အသိပညာပေးဆင့်ပွားသင်တန်း (Training of Trainers Program) ပြုလုပ်ကာ ဆရာ/ဆရာမများနှင့် သွားနှင့်ခံတွင်းဆိုင်ရာ အသိပညာများနှီးနှောဖလှယ်ခြင်း၊ စနစ်မှန်သွားတိုက်နည်းကို သင်ကြားပေးခြင်းနှင့် အတူတကွ သွားတိုက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် (၃-၁၂-၂၀၁၉) ရက်နေ့တွင် အ.ထ.က(၂) ကျိုင်းတုံမြို့ရှိ ဆရာ၊ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများကို သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပြသခြင်းနှင့် အတူတကွ သွားတိုက်ခြင်း၊ စစ်ဆေးကုသခြင်းများပြုလုပ်ကာ စုစုပေါင်း(၂၄၀)ဦးအား လိုအပ်သည့် ဆေးကုသမှု များကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။  

Read More
Bitnami