ဌာနခွဲ: စစ်ဆေးရေးဌာနခွဲ

(၁)     ဆေးဘက်ဆိုင်ရာဥပဒေများ၊ ကျန်းမာရေးဆိုင်ရာဥပဒေများ ထိန်းသိမ်းခြင်း၊ လိုအပ်သလို           ညွှန်ကြားချက်များထုတ်ပြန်ခြင်း။

(၂)      ဥပဒေနှင့်သက်ဆိုင်သည့် အကြံဉာဏ်များပေးခြင်း၊ ကျန်းမာရေးကဏ္ဍနှင့်သက်ဆိုင်သော   ဥပဒေများ ရေးဆွဲခြင်းတို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ညှိနှိုင်းအကြံပြုခြင်း။

(၃)     နိုင်ငံ့ဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ တာဝန်ထမ်းဆောင်စေရန် ညွှန်ကြား           ချက်ထုတ်ပြန်ခြင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဖောက်ဖျက်ပါက အရေးယူနိုင်ရေးစိစစ်     တင်ပြခြင်း။

(၄)     ဌာနကင်းကွာလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ကြားစာများအား ဌာန           ဆိုင်ရာစုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်း၊ စိစစ်သုံးသပ်ခြင်း၊ အစီရင်ခံတင်ပြခြင်း။

(၅)     ကုသရေးဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်းအဖြစ်မှထုတ်ပစ်၊ ရာထူးမှထုတ်ပယ်ပြီးသူများ   အနက် လျော်ကြေးငွေငြိစွန်းသူများအား သတ်မှတ်လျော်ကြေးငွေ ပေးလျော်စေခြင်းနှင့်     ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လစဉ်တင်ပြ        အစီရင်ခံခြင်း။

(၆)     ပြည်သူ့ဆေးရုံများ၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးမြင့်မားလာစေရေးအတွက်         Medical Audit ဆိုင်ရာ ကိစ္စများအား တာဝန်ယူဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် များသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်း။

(၇)     ဆေးပညာကျင့်ဝတ်နှင့်ပတ်သက်၍ လိုက်နာစောင့်ထိန်းရန် ပျက်ကွက်မှုများကို စုံစမ်း       စစ်ဆေးခြင်း၊ စိစစ်သုံးသပ်ခြင်း၊ မြန်မာနိုင်ငံဆေးကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

(၈)    စာရင်းစစ်အစီရင်ခံစာများနှင့် သက်ဆိုင်ရာဆေးရုံ၊ ဌာနများမှ ဖြေကြားချက်များကို စိစစ်    တင်ပြခြင်း။

(၉)     ဆေးရုံများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ (၆)လပတ် အစီရင်ခံစာနှင့် နှစ်ချုပ်အစီရင်ခံစာ         များကို  စိစစ်သုံးသပ်တင်ပြခြင်း။

(၁၀)   အထက်အဆင့်မှပေးအပ်သည့် အခြားတာဝန်များထမ်းဆောင်ခြင်း။

(၁၁)   အထူးကိစ္စရပ်အနေဖြင့် ပေးအပ်လာသော တာဝန်များကို ထမ်းဆောင်ခြင်း။

}

တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်:

ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် သည် ဒုတိယညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာစောသက်လျာအောင် လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် (၁၀-၁-၂၀၂၀) ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း (လားရှိုး) ကုသရေးဦးစီးဌာန၌ ခရိုင်နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း(လားရှိုး) ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာလွင်လွင်ဦးလှိုင် က... Read More | Share it now!

တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း

• ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင်သည် လက်ထောက်ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာတင်တင်အောင် လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် (၂၀-၁၂-၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၌ ခရိုင် နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ • ဆက်လက်၍ ဒေါက်တာလွင်လွင်ဦးလှိုင်နှင့်အဖွဲ့သည် (၂၁-၁၂-၂၀၁၉) ရက်တွင် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရီရီခင်နှင့်အတူ သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊... Read More | Share it now!

တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် နှင့်အဖွဲ့သည် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းခြင်းစီမံချက်ကို ဆက်လက်ဆောင်ရွက် ခဲ့ရာ (၂၃-၁၁-၂၀၁၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၌ ရန်ကုန်မြို့ပေါ်ရှိဆေးရုံကြီး ၆ ရုံမှ ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်ခဲ့ပါသည်။   ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး၊... Read More | Share it now!

မြန်မာနိုင်ငံတွင် Medical Audit System စတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

မြန်မာနိုင်ငံတွင် Medical Audit System စတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သတင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထောက်ကူ ပံ့ပိုးမှုဖြင့် Medical Audit System ကို အကောင်အထည်ဖော်နိုင်ရန် ခြေလှမ်းအစဖြစ် The Initiation of Medical Audit System အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ Melia Yangon Hotel တွင် ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ်/... Read More | Share it now!

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲမှ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

• ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင် နှင့် စစ်ဆေးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ များ ပါဝင်သောအဖွဲ့သည် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ် အထောက် အပံ့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကုသရေးဦးစီးဌာန ၃ ခု သို့ ကွင်းဆင်းပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ... Read More | Share it now!

Bitnami