ဌာနခွဲ: သွားကျန်းမာရေးဌာနခွဲ

သွားကျန်းမာရေးဌာနခွဲ၏ လုပ်ငန်းတာ၀န်၀တ္တရားများ

(၁) သွားကျန်းမာရေးပညာဌာနခွဲလက်အောက်ရှိ ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်မှုကို စီမံကြီးကြပ်ကွပ်ကဲခြင်း၊
(၂) လက်အောက်ရှိဝန်ထမ်းများမှ တင်ပြလာသောကိစ္စရပ်များကို အဆုံးအဖြတ်ပေးခြင်း၊ စိစစ်၍ ဆက်လက်တင်ပြခြင်း၊
(၃) မိမိအထက်မှ အထူးကိစ္စတစ်ရပ်အနေဖြင့် ပေးအပ်လာသော တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း၊
(၄) မိမိဌာနခွဲနှင့်သက်ဆိုင်သော အစီရင်ခံစာ၊ စာရင်းအင်းများကို တိကျမှန်ကန်စွာပြုစု၍ တောင်းခံသည့်ဌာနသို့ သတ်မှတ်ချိန်အရောက် ပေးပို့ခြင်း၊
(၅) သွားကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှုလုပ်ငန်းများအတွက် အစီအစဉ်များရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်လိုအပ်သလိုစီမံကြီးကြပ်ကွပ်က ခြင်း၊
(၆) သွားဘက်ဆိုင်ရာသင်တန်းများအတွက် သင်တန်းသားများ ရွေးချယ်သည့်ကိစ္စရပ်များ တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊
(၇) သွားကျန်းမာရေးဆိုင်ရာကျွမ်းကျင်မှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် အကြံဉာဏ်များ ကို ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး)အား တင်ပြခြင်း၊ အမိန့်နာခံလျက် လိုအပ် သလို ဆက်လက်ဆောင်ရွက်ခြင်း၊
(၈) ဦးစီးဌာနလက်အောက်ရှိဆေးရုံ၊ ဒေသန္တရ၊ ကျောင်းကျန်းမာရေးဌာနများအတွက် လိုအပ်သော သွားကုသခုံ၊ သွားဘက်ဆိုင်ရာဆေးပစ္စည်း ကိရိယာများနှင့် ဆေးဝါး ပစ္စည်းများ ထောက်ပံ့နိုင်ရေးအတွက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ထံ တင်ပြခြင်းနှင့်ဖြန့်ဖြူးခြင်း၊

 

(၉) နိုင်ငံတကာ သို့မဟုတ် ပြည်တွင်းအဖွဲ့အစည်းများ၏ အထောက်အပံ့ဖြင့် ဆောင်ရွက် သော သွားနှင့်ခံတွင်းပြည်သူ့ကျန်းမာရေးလုပ်ငန်းရပ်များ၊ စီမံချက်များနှင့် သုတေသန လုပ်ငန်းများအား စီမံခန့်ခွဲခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

 

}

မန္တလေးတိုင်းဒေသကြီးတွင် သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးလုပ်ဆောင်ခြင်း

ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာ ဌာနခွဲ၏ဦးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သွားနှင့်ခံတွင်းဆရာဝန်များနှင့် ပူးပေါင်းကာ နွားထိုးကြီးမြို့နယ်၊  ရွာကြီးရွာတွင် (၁၅-၂-၂၀၂၀) ရက်နေ့၌ ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပြသခြင်းနှင့် အတူတကွသွားတိုက်ခြင်း၊ သွားနှင့်ခံတွင်းရောဂါများစစ်ဆေးကုသပေးခြင်းများ ပြုလုပ်ကာ စုစုပေါင်း (၁၈၂)ဦးအား လိုအပ်သည့်ဆေးကုသမှုများကို အခမဲ့ကွင်းဆင်းကုသပေးခဲ့ပါသည်။ ... Read More | Share it now!

ကချင်ပြည်နယ်တွင် သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးလုပ်ဆောင်ခြင်း

ကချင်ပြည်နယ်၊ နောင်မွန်းမြို့၊ ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာ မိုးလုံးထွန်းလင်းအောင် ဦးဆောင်မှုဖြင့် နောင်မွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှု (သွားကျန်းမာရေး) ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ (၁၀-၂-၂၀၂၀) ရက်နေ့တွင် ရပ်ဘော့၊     (၁၁-၂-၂၀၂၀) ရက်နေ့တွင် နောင်မွန်၊ (၁၃-၂-၂၀၂၀) ရက်နေ့တွင် ကဆန်ခူးနှင့် (၁၄-၂-၂၀၂၀) ရက်နေ့တွင် ဂတ်ထု ရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအား... Read More | Share it now!

Bitnami