၁။ဆေးရုံတည်နေရာ
ဧရာဝဏ်လမ်းမကြီးနှင့်ရှုခင်းသာလမ်းမကြီးထောင့်၊သာကေတအဝိုင်းထိပ်အနီး၊ရှုခင်းသာလမ်း၊
၇/အရှေ့ရပ်ကွက်၊သာကေတမြို့နယ်၊ရန်ကုန်မြို့၊ရန်ကုန်တိုင်းဒေသကြီး။
၃။ဆက်သွယ်ရမည့်လိပ်စာ
ဧရာဝဏ်လမ်းမကြီးနှင့်ရှုခင်းသာလမ်းမကြီးထောင့်၊သာကေတအဝိုင်းထိပ်အနီး၊ရှုခင်းသာလမ်း၊
၇/အရှေ့ရပ်ကွက်၊သာကေတမြို့နယ်၊ရန်ကုန်မြို့၊ရန်ကုန်တိုင်းဒေသကြီး။
စဉ် | နေရာ | ဖုန်းနံပါတ်
|
Fax No |
၁။ | ဆေးရုံအုပ်ကြီးရုံးခန်း | 01 – 450791 | 01 – 450791 |
၂။ | General OPD Room | 01 – 450792 Ext : 0 | |
၃။ | Office Room | 01 – 450792 Ext : 102 | |
၄။ | Inpaitent Room | 01 – 450972 Ext : 103 | |
၅။ | X-Ray Room | 01 – 450792 Ext : 104 | |
၆။ | Lab Room | 01 – 450792 Ext : 105 | |
၇။ | Medical Store Room | 01 – 450792 Ext : 106 | |
၈။ | Specialist OPD & ART OPD Room | 01 – 450792 Ext : 107 | |
၉။ | Specialist Child Room | 01 – 450792 Ext : 108 |
၄။ဆေးကုသမှုပေးနိုင်သောဌာနများ
စဉ် | ဆေးကုဌာန | နေ့ရက် | အချိန်
|
၁။ | အထွေထွေရောဂါလူနာကုသဆောင်နှင့်အရေးပေါ်ဌာန | All Days | 24 Hours |
၂။ | Retro Virus Infection အထူးကုပြင်ပလူနာဌာန | Monday to Friday | 9:00 AM to 4:00 PM |
၃။ | ART ဆေးကုလူနာဌာန | Monday ,Tuesday ,
Wednesday , Friday |
9:00 AM to 4:00 PM |
၄။ | Retro Virus Infection အတွင်းလူနာဆေးကုသဆောင် | All Days | 24 Hours |
၅။ | Retro Virus Infection ကလေးဆေးကုသဆောင် | Monday ,Tuesday ,
Wednesday , Friday |
9:00 AM to 4:00 PM |
၆။ | DOTS Corner (TB ဆေးပေးခန်း) | Monday to Friday | 9:00 AM to 4:00 PM |
၇။ | Hepatitis C Corner (အသည်းရောင်အသားဝါ(စီ) ဆေးပေးဌာန) | Tuesday , Wednesday | 9:00 AM to 4:00 PM |
၅။ပြင်ပလူနာပြသနိုင်သောအချိန်များ
(၁) အထွေထွေရောဂါကုပြင်ပလူနာဌာန(Monday to Friday) (9:00 AM to 4:00 PM)
(၂) အထူးကုပြင်ပလူနာဌာန (Monday to Friday) (9:00 AM to 4:00 PM),
၆။ပြည်သူလူထုကိုသတင်းပေးလိုသည့်အချက်များ
သာကေတဆေးရုံသည်(၁၂.၇.၁၉၈၆) နေ့တွင်(၁၆) ခုတင်ဆံ့၊ မြို့နယ်ဆေးရုံအဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး (၃၁.၃.၁၉၉၁)နေ့တွင်(၂၅) ခုတင်ဆံ့မြို့နယ်ဆေးရုံအဖြစ်အဆင့်တိုးမြှင့်ခဲ့ပါသည်။၂၀၁၀
ခုနှစ်တွင်မြို့နယ်ဆေးရုံအားပြုပြင်မွမ်းမံပြီး (၅.၈.၂၀၁၀)မှစ၍HIV/AIDS လူနာများအတွက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။(၂၂.၇.၂၀၁၅)နေ့မှစ၍ခုတင်(၁၀၀)ဆံ့၊အထူး
ကုဆေးရုံအဖြစ်တိုးမြှင့်ဖွင့်လှစ်ခွင့်ရခဲ့ပါသည်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၃၀.၁.၂၀၁၉) ရက်စွဲပါ စာအမှတ် – ၃မက (က) ၂၀၁၉ (၅) ဖြင့် ဆေးတက္ကသိုလ်(၁) ရန်ကုန်နှင့် ဆေးတက္ကသိုလ်(၂)ရန်ကုန်တို့၏ သင်ကြားရေးဆေးရုံကြီးအဖြစ်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။ယခုအခါတွင်သာကေတအထူးကုဆေးရုံကြီးသည်(၅.၁၂.၂၀၁၁) ခုနှစ်တွင်ဂျပန်နိုင်ငံ(GGA) မှ
လှူဒါန်းသောအထူးကုပြင်ပလူနာဆောင်၊ (၁.၇.၂၀၁၅) နေ့တွင်စတင်ဖွင့်လှစ်ခဲ့သောနှစ်ထပ်လူနာဆောင်၊(၂၀၁၈) ခုနှစ်တွင်ထပ်မံဖွင့်လှစ်ခဲ့သောနှစ်ထပ်ဆေးကုသဆောင်တို့ဖြင့်တက်ရောက်ကုသမှု
ခံယူနေသော HIV ကူးစက်ရောဂါဝေဒနာရှင်များကိုကျယ်ဝန်းသပ်ရပ်စွာဖြင့်ဆေးကုသမှု ဝန်ဆောင်မှုအားပြုလုပ်ပေးနေပါသည်။
သာကေတအထူးကုဆေးရုံသည်(၂၀၁၄)ခုနှစ်မှ(၂၀၁၈)ခုနှစ်ငါးနှစ်တာကာလအတွင်းတွင်အထွေထွေရောဂါပြင်ပလူနာပေါင်း(၂၅၃၀၃) ဦး၊အထွေထွေရောဂါအတွင်းလူနာပေါင်း(၇၅၃)ဦး၊HIV
ပြင်ပလူနာပေါင်း(၁၄၇၂၄၁)ဦး၊HIV အတွင်းလူနာပေါင်း(၆၄၁၁) ဦးတိတိ ဆေးကုသပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
HIV ရောဂါဝေဒနာသည်များအတွက်နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ARTဆေးများအား Global Fund အကူအညီဖြင့်အခမဲ့ထောက်ပံ့ပေးခြင်း၊အခြားလိုအပ်သောဆေးဝါးများအတွက်ဝန်ကြီးဌာနရံပုံငွေဖြင့်ဝယ်ယူ၍အခမဲ့ထောက်ပံ့ကုသပေးခြင်း၊ဓါတ်မှန်နှင့် ဓါတ်ခွဲစမ်းသပ်မှုများအတွက် လိုအပ်သောရောဂါရှာဖွေမှုလုပ်ငန်းများကိုအခမဲ့ဆောင်ရွက်ပေးခြင်း၊ဆေးရုံတက်လူနာများအတွက်နံနက်စာ၊နေ့လည်စာ၊ညစာတို့ကိုအခမဲ့ကျွေးမွေးခြင်းတို့ဖြင့်လာရောက်ကုသနေ
သောလူနာများအားနွေးထွေးစွာဖြင့်ကုသစောင့်ရှောက်မှုပေးနေပါသည်။
HIV ရောဂါနှင့်TB ပူးတွဲဖြစ်နေသူများ၊ HIV ရောဂါနှင့်အသည်းရောင်(စီ)ရောဂါ ပူးတွဲ၍ခံစားနေရသူများအတွက်လည်း သာကေတအထူးကုဆေးရုံကြီးတွင်ပင် လိုအပ်သောစမ်းသပ်မှုများ သွေးစစ်ခြင်း၊Gene -X pert စစ်ဆေးခြင်းတို့ကိုအခမဲ့ပြုလုပ်ပေးနေပြီးလိုအပ်သောဆေးဝါးများလည်း ထောက်ပံ့ကုသပေးလျက်ရှိနေပါသဖြင့် ရောဂါဝေဒနာသည်များအနေဖြင့် လိုအပ်ပါကသာကေတ
အထူးကုဆေးရုံကြီးသို့ဆေးကုသမှုခံယူနိုင်ရန်နွေးထွေးစွာဖြင့်ဖိတ်ခေါ်ကြိုဆိုအပ်ပါသည်။