တိုင်းဒေသကြီး/ပြည်နယ်: ပဲခူးတိုင်းဒေသကြီး

တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်အဖွဲ့ လက်ပံတန်းမြို့နယ်ဆေးရုံနှင့် ပြည်မြို့နယ်ရှိ သန္တာဆောင် Facility Quarantine Center တို့သို့ ကွင်းဆင်းသွားရောက်ခြင်း

ပဲခူး၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ လ (၃၁)ရက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်သည် (၃၀-၁၂-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကြီးကြပ်စစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းအဖွဲ့သည် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်း၊ ပြည်သူ့ကျန်းရေးပညာရှင် ဝန်ထမ်းများ၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားမှုများ၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊... Read More | Share it now!

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်ပဲခူးပြည်သူ့ဆေးရုံကြီးသို့

 ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာသီတာလှ၊ ဒေါက်တာကျော်ဇေယျ၊ ညွှန်ကြားရေးမှူးဒေါက်တာမျိုးသန့်ခိုင်နှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို (၁၅-၁-၂၀၂၀) ရက်နေ့နံနက် (၉:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လည်းကောင်း၊ မွန်းလွဲ(၁၄:၀၀) နာရီအချိန်တွင် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်လည်းကောင်း ... Read More | Share it now!

ပဲခူးပြည်သူ့ဆေးရုံကြီး၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီး ကျင်းပပြုလုပ်ခြင်း

ပဲခူးပြည်သူ့ဆေးရုံကြီး အနေဖြင့် Both Clients and Provider’s Satisfaction ရရှိနိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အနီးကပ်ကြီးကြပ်မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၏ ပူးပေါင်းကူညီမှုတို့ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိရာ လူနာများ၊ လူနာရှင်များအပါအဝင် ဒေသခံပြည်သူများနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများအပါအဝင် ဆေးရုံဝန်ထမ်းများ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ချစ်ခင်လေးစားမှု ပိုမိုတိုးတက်ရရှိစေရန်အတွက်... Read More | Share it now!

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း

၇၂-နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွင်နိုင်ခဲ့သော ဝန်ထမ်းများအား ချီးမြှင့်ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျန်းမာရေးကုသစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရသစ်၏ “ပြည်သူနဲ့အတူ” ဆောင်ပုဒ်နှင့်အညီ ၂၄-နာရီပတ်လုံး   ပိတ်ရက်မရှိကြိုးစားဆောင်ရွက်ပေးနေသည့် ပဲခူးပြည်သူ့ဆေးရုံကြီးမှ အဆင့်ဆင့်သောဆေးရုံ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ “ဂုဏ်ပြုမှတ်တမ်းလွှာ” ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါသည်။ ... Read More | Share it now!

ခုတင် (၁၀၀)ဆံ့ ဖြူးပြည်သူ့ဆေးရုံ

၁။      ဆေးရုံတည်ရှိရာနေရာ ( Location ) ဖြူးမြို့၊ ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံသည် ဆေးရုံရပ်ကွက်  ၊ ဗိုလ်ချုပ်လမ်းတွင် တည်ရှိ ပါသည်။ အရှေ့ဘက်တွင် အမှတ် (၃၀၆) ခြေမြန်တပ်ရင်း (အဟောင်း)၊ တောင်ဘက်တွင် ဘောလုံးကွင်းရပ်ကွက်၊ အနောက်ဘက်တွင် ဆေးရုံပိုင်းရပ်ကွက်နှင့် မြောက်ဘက်တွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတို့ ရှိပါသည်။ ၂။      ဆက်သွယ်ရမည့်လိပ်စာ (က)    ဒေါက်တာဖြိုးဝေဝင်း (ဆေးရုံအုပ်)                       ၀၉-၂၀၂၇၆၉၃ (ခ)     ဒေါ်မို့မို့သဲ(စာရင်းကိုင် – ၂)                       ၀၉-၇၉၇၁၂၃၉၁၇ (ဂ)     ဒေါ်မင်းမင်းထက် (စာရေးအဆင့်-၁)           ၀၉-၉၇၃၂၃၅၂၇၅   ၃။     ... Read More | Share it now!

Bitnami